ABOUT US

WONE VANN

ဝုန်းဝမ်း ဆေးတိုက်ကို 1982 ခုနှစ်တွင် ရှမ်းတိုင်းရင်းဆေးသမားတော်ကြီး “ဦးတန်းကေး” မှ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။

“ဝုန်းဝမ်း” ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပါသည်။ ရှမ်းအမည် "ဝူင်းဝၼ်း " ဖြစ်ပြီး မြန်မာ အဓိပ္ပာယ်မှာ "တက်နေဝန်း" ဖြစ်ပါသည်။ နေသည် လူသားအားလုံးကို အလင်းရောင် ပေးသကဲ့သို့ ၊ “ဝုန်းဝမ်း” တိုင်းရင်းဆေးဝါးထုတ်လုပ်သော ဆေးများဖြင့် လူသားအားလုံး၏ကျန်းမာရေးကို အကျိုးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

အများပြည်သူ၏ ကျန်းမာရေးကို အစဉ်အလေးထားသောအားဖြင့် ဝုန်းဝမ်းဆေးတိုက်မှ အစွမ်းထက်သော တိုင်းရင်းဆေးစွမ်းကောင်းများကို စစ်မှန်သော သဘာဝ ဆေးဖက်ဝင် သစ်ဥ ၊ သစ်ခေါက် ၊ ဆေးမြစ်များဖြင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်များနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် အချိုးကျ စီမံဖော်စပ် ထားပြီး ခေတ်စနစ်နှင့်အညီ အစဉ်အမြဲ ပိုမိုကောင်းမွန်အောင် အကောင်းမွန်ဆုံး ကြိုးစားခြင်းသည် “ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး” ၏ လမ်းစဉ်သာဖြစ်ပါသည်။

Our History

Three Generation Of Constant Development

Three Generations of
Constant Improvement

Qualilty Control and Thriving Information

Quality Control and
Thriving for Innovation

POPULAR PRODUCTS

ဝုန်းဝမ်းဆေးတိုက် (တောင်ကြီး) မှ
ထုတ်လုပ်သော တိုင်းရင်းဆေးစွမ်းကောင်းများ

  • မဟာဖြေဆေး

    Mahar Phay Say
    တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-008282 ဆေးမှုန့် ( ဗူး၊ အထုပ်)

    အစာစားမှား၊ ဝမ်းဖောဝမ်းရောင် ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် ၊ ဗိုက်နာဗိုက်အောင့် (အထူးသဖြင့်) အထက်လှန်အောက်လျှောရောဂါများအတွက်သုံးစွဲနိုင်ပါသည်။

  • ချောင်းဆိုးပျောက်ဆေး

    The Great Remedy For Cough
    တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR - 008278 ဆေးမှုန့် ( ဗူး၊ အထုပ်) ၊ ဆေးပြား (ဗူး)

    အအေးမိ၍ ချောင်းဆိုးခြင်း ၊ နှာစေး ချောင်းဆိုးခြင်း ဥတုရာသီပြောင်းတွင် ချောင်းဆိုးခြင်း တို့အတွက် သုံးစွဲနိုင်ပါသည်။

  • သွေးဆေး

    Tway Say
    တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR- 008280 ဆေးမှုန့် ( အထုပ်)

    အစားအသောက်ပျက်ခြင်း ၊ညအိပ်မပျော်ခြင်း ၊အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း များအတွက် သင့်လျှော်ပါသည်။

  • ပျားနနွင်းဆေးပျား

    Turmeric Honey Tablets
    တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-014022 ဆေးပြား (ဗူး)

    အမျိုးသမီးများ အသားအရည်စိုပြေဝင်းပလာစေရန်နှင့် သားဖွားပြီးစ မိခင်များ သွေးသားသန့် လာစေခြင်း ၊ ဓမ္မတာမမှန်ခြင်း၊ အရေပြားယားယံခြင်း ၊ လေးဖက်နာရောဂါ ၊ အဆစ်ရောင်ရောဂါ ရောင်ရမ်းခြင်းများကို သက်သာစေပြီး အနာကျက်မြန်စေသည်။