Products >> အပူငြိမ်းဆေး

အပူငြိမ်းဆေး

The Great Coolness Heat Suppressor
ဆေးမှုန့် ( ဗူး၊ အထုပ်)

သုံးစွဲနိုင်သော ရောဂါများ

ခြေဖဝါး လက်ဖဝါးပူခြင်း၊ အဖုအကျိတ် ဝက်ခြံ တင်းတိပ်ထွက်ခြင်း ၊ သွားဖုံးရောင်ခြင်း နှင့် အပူလွန်ခြင်း ရောဂါများအတွက် သုံးစွဲနိုင်ပါသည်။

သုံးစွဲရန် ဆေးပမာဏ

လူကြီး တစ်ကြိမ် လက်ဖက်ရည်ဇွန်း(၁)ဇွန်း၊ ကလေး ၅ နှစ် နှင့် အထက် လက်ဖက်ရည်ဇွန်း တစ်ဝက် တနေ့ (၃) ကြိမ် ရေကျက်အေးဖြင့် သောက်ပါ။
ဆေးတစ်ဖုံတွင် ပါဝင်သော ဆေးပစ္စည်းများ

  • ၁- လေးညှင်း ၅ကျပ်သား
    ၂- ဇာတိပ္ဖိုလ်သီး ၅ကျပ်သား
    ၃- စေးမခန်း ၅ကျပ်သား
    ၄- နံ့သာဖြူ ၅ကျပ်သား
    ၅- ကံ့ကော်ဝတ်ဆံ ၅ကျပ်သား
    ၆- ဖာလာကြီး ၈ကျပ်သား
  • ၇- ကတ္တရသင်္ချေ ၁ဝကျပ်သား
    ၈- နံ့သာနီ ၁ဝကျပ်သား
    ၉- ဒန္တကူးနီ ၁ဝကျပ်သား
    ၁၀- ဆေးပုစွန်တုပ် ၁၂ ကျပ်သား
    ၁၁- နွယ်ချို ၂၅ကျပ်သား
    ၁၂- သကြားခဲ ၂၅ကျပ်သား

 

Online order at SHOP.COM.MM

FAQ

အပူ၀မ်းသွားရင် ဖြေဆေးနဲ့ အပူငြိမ်းဆေး ဆတူရောပြီး သောက်ပေးပါက သက်သာစေပါတယ်။ အပူကြောင့် လည်ချောင်းနာ ၊ ချောင်းဆိုးဖြစ်နေရင် အပူငြိမ်းဆေးကို သံပုရာသီးတစ်ခြမ်းအရည်ညှစ်၊ အပူငြိမ်းဆေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း ၊ ဆား မန်ကျည်းစေ့ခန့် ရေအေးဖြင့် ရောဖျော် သောက်ပေးပါက သက်သာပျောက်ကင်းစေပါသည်။