Our Story

Vision: တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ကဏ္ဍတွင် အကောင်းမွန်ဆုံး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ပြီး ပြည်တွင်းပြည်ပ စျေးကွက်တွင် နိုင်ငံ့ဂုဏ်ဆောင် ထုတ်ကုန်တစ်ခုအဖြစ် စဉ်ဆက်မပြတ် တည်ရှိနေစေရန်

Mission: သန့်ရှင်းသော သဘာ၀ ကုန်ကြမ်းများကိုအသုံးပြုပြီး အာနိသင်ပြည့်မှီသော တိုင်းရင်းဆေးဝါးများကို သင့်လျော်သောစျေးနှုန်းဖြင့် လူမျိုးဘာသာမရွှေးအလွယ်တကူ သုံးဆောင်နိုင်ရေး

ABOUT US

WONE VANN

ဝုန်းဝမ်း ဆေးတိုက်ကို 1982 ခုနှစ်တွင် ရှမ်းတိုင်းရင်းဆေးသမားတော်ကြီး “ဦးတန်းကေး” မှ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။

“ဝုန်းဝမ်း” ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပါသည်။ ရှမ်းအမည် "ဝူင်းဝၼ်း " ဖြစ်ပြီး မြန်မာ အဓိပ္ပာယ်မှာ "တက်နေဝန်း" ဖြစ်ပါသည်။ နေသည် လူသားအားလုံးကို အလင်းရောင် ပေးသကဲ့သို့ ၊ “ဝုန်းဝမ်း” တိုင်းရင်းဆေးဝါးထုတ်လုပ်သော ဆေးများဖြင့် လူသားအားလုံး၏ကျန်းမာရေးကို အကျိုးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

အများပြည်သူ၏ ကျန်းမာရေးကို အစဉ်အလေးထားသောအားဖြင့် ဝုန်းဝမ်းဆေးတိုက်မှ အစွမ်းထက်သော တိုင်းရင်းဆေးစွမ်းကောင်းများကို စစ်မှန်သော သဘာဝ ဆေးဖက်ဝင် သစ်ဥ ၊ သစ်ခေါက် ၊ ဆေးမြစ်များဖြင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်များနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် အချိုးကျ စီမံဖော်စပ် ထားပြီး ခေတ်စနစ်နှင့်အညီ အစဉ်အမြဲ ပိုမိုကောင်းမွန်အောင် အကောင်းမွန်ဆုံး ကြိုးစားခြင်းသည် “ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး” ၏ လမ်းစဉ်သာဖြစ်ပါသည်။

ထုတ်လုပ်သူ - ဦးစိုင်းချစ်တင်

In Loving Memories of U Tang Kay