အစာအိမ်ဆေး
ဆေးမှုန့် (ဗူး) သုံးစွဲနိုင်သောရောဂါများ
အစာမကြေ၊အစာအိမ်နာ၊ ရင်ပြည့်ရင်ကယ် ၊ဝမ်းဖောဝမ်းရောင်၊ လေထိုး လေအောင့် ၊ လေရောဂါ၊ လေချဉ်တက်ခြင်း၊ ဗိုက်နာဗိုက်အောင့်များအတွက် သုံးစွဲနိုင်ပါသည်။ သုံးစွဲနိုင်ရန် ဆေးပမာဏ
လူကြီးတစ်ကြိမ် အစာစားပြီး လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ တစ်နေ့ (၂) ကြိမ်၊ ကလေး ၂ နှစ်နှင့်အထက် လက်ဖက်ရည်ဇွန်း (၁/၂ )ဇွန်း တစ်နေ့ (၂) ကြိမ် ရေနွေးဖြင့် သောက်ပါ။ ဆေးတစ်ဖုံတွင် ပါဝင်သော ဆေးပစ္စည်းများ - ၁- ကန့်ချုပ်နီ ၅ကျပ်သား
၂- ငရုတ်ကောင်း ၅ကျပ်သား
၃- ဆင်တုန်းမနွယ် ၅ကျပ်သား
၄- ဇီးဖြူသီး ၅ကျပ်သား - ၅- ဖာလာ ၅ကျပ်သား
၆- ကြစု ၁ကျပ်သား
၇- သကြား ၇၅ ကျပ်သား