Products >> မဟာဖြေဆေး

မဟာဖြေဆေး

Mahar Phay Say
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-008282 ဆေးမှုန့် ( ဗူး၊ အထုပ်)

သုံးစွဲနိုင်သောရောဂါများ

အစာစားမှား၊ ဝမ်းဖောဝမ်းရောင် ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် ၊ ဗိုက်နာဗိုက်အောင့် (အထူးသဖြင့်) အထက်လှန်အောက်လျှောရောဂါများအတွက်သုံးစွဲနိုင်ပါသည်။

သုံးစွဲနိုင်ရန် ဆေးပမာဏ

အစာစားပြီးတိုင်း လူကြီးတစ်ကြိမ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ၊ ကလေးတစ်ကြိမ် (၂နှစ် နှင့် အထက် ) လက်ဖက်ရည်ဇွန်းတစ်ဝက် တစ်နေ့ (၃)ကြိမ် ရေနွေးဖြင့် သောက်ပါ။ ရေခွက်ထဲထည့် ဖျော်၍သောက်ပါ။

ထားသိုရန်

ဆေးထုတ် / ဘူးအား အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
ဆေးတစ်ဖုံတွင် ပါဝင်သော ဆေးပစ္စည်းများ

  • ၁- စမုန်မျိုးငါးပါး ၃၀ ကျပ်သားစီ
    ၂- သစ်ကြံပိုး ၃၀ ကျပ်သား
    ၃- နွယ်ချို ၃၀ ကျပ်သား
    ၄- ကတ္တရသ‌င်္ချေ ၃၀ ကျပ်သား
    ၅- မြင်းသေမြတ် ၃၀ ကျပ်သား
    ၆- ပန်းမ ၃၀ ကျပ်သား
  • ၇- ကရဝေးရွက် ၂၅ ကျပ်သား
    ၈- ဇာတိပ္ဖိုလ်သီး ၂၅ ကျပ်သား
    ၉- လေးညှင်း ၂၀ ကျပ်သား
    ၁၀- ဖာလာငယ် ၂၀ ကျပ်သား
    ၁၁- သိန္ဓော ၂၀ ကျပ်သား
    ၁၂- ကြစု ၂၀ ကျပ်သား

Indications

1. Food poisoning.
2. Abdominal distension and frequent bowel movements.
3. Indigestion.
4. Abdominal pain due to gas and bloating.
6. Especially Gastroenteritis (an illness that causes diarrhoea and vomiting).

Dosage

For adult : take one tea spoonful,
For child : (Two years and above) take half tea spoon with lukewarm water (3) times a day.

Online order at SHOP.COM.MM

FAQ

ဆေးကို အညွန်းအတိုင်း ပုံမှန်သောက်ပေးပါ ၊ တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့သုံးကြိမ် သောက်ပေးပါ ။ ဆေးကို အညွန်းအတိုင်းသာ သောက်သုံးရန်အကြံပြုပါတယ်။

တိုင်းရင်းဆေးသမားတော်ကြီး ဦးတန်းကေး ၏ သားများမှ အဖိုးရဲ့ ဆေးနည်းအတိုင်း "ဝုန်းဝမ်းမဟာဖြေဆေး" အား ဗူးဒီဇိုင်း ၊ အရောင် ၊ ထုတ်လုပ်မှုပုံစံ ကွဲပြားခြားနားစွာဖြင့် ဒေသအသီးသီးမှ ဆက်လက်ထုတ်လုပ်ဖြန့်ဖြူး နေပါတယ်။ တောင်ကြီးထုတ်ကတော့ ဆေးဘူးအဖုံးအဖြူ ဖြစ်ပြီး အပန်းအရောင်စက္ကူဗူးဖြင့် ထုပ်ပိုးထားပါသည်။ ထုတ်လုပ်သူ ဦးစိုင်းချစ်တင် ဖြစ်ပါတယ်။

အင်္ဂလိပ်ဆေးနှင့် တစ်နာရီ (၁နာရီ) ခန့် ခြားပြီးသောက်သုံးနိုင်ပါသည်။

ဟုတ်ကဲ့ လိမ်းလို့ရပါတယ်ရှင့်၊ ဖြေဆေးကိုသနပ်ခါး အရည်ကျဲကျဲ (သို့) ရေအေးနဲ့ ဖျော်ပြီး လိမ်းပေးပါ ၊ သောက်ပေးပါ။

ကြက် ၊ ခွေး ၊ ကြောင် ၊ ၀က် တို့အစာ အဆိပ်သင့်ခြင်း ၊ အဆိပ်မိခြင်း အစရှိသည်တို့ကိုလည်း တိုက်ကျွေး နိုင်ပါသည်။

ကိုယ်၀န်ဆောင် မိခင်များလည်း ဆေးအညွန်းအတိုင်း သောက်သုံးနိုင်ပါသည်။

လသားကလေးတွေ သောက်လို့မရပါဘူးရှင့်၊ မဖြစ်မနေ တိုက် ရမယ်ဆိုရင် (၆လအထက်ကလေးများ) လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံကို ရေနွေးနှင့် ဖျော်၍ အနည်ထိုင်အောင်ထားပြီး အပေါ်ယံ အရည်ကြည်လေးပဲ တိုက်ပေးလို့ရပါတယ်ရှင့် ။

သွေးတိုးရောဂါရှိသူများလည်း သောက်သုံးနိုင်ပါသည် ၊ ထမင်းစားပြီးတိုင်း ဆေး ၁ဇွန်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေနွေးဖြင့် သောက်သုံးနိုင်ပါသည်။ ရေရှည်သောက်သုံးရန်မသင့်ပါ။

ဆီးချိုရောဂါရှိသူများလည်း သောက်သုံးနိုင်ပါသည် ၊ ထမင်းစားပြီးတိုင်း ဆေး ၁ဇွန်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေနွေးဖြင့် သောက်သုံးနိုင်ပါသည်။ ရေရှည်သောက်သုံးရန်မသင့်ပါ။

အစာအိမ် ရောဂါရှိသောသူများလဲ သောက်သုံးနိုင်ပါသည်။